၄ ဖေဖော်ဝါရီ
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တောင်ဘက် မိုင် ၁၆၀ အကွာရှိ တူနက်အယ်ဂါဘော မှာ ဘီစီ ၃၀၅ - ၃၀ ခုနစ် (Ptolemaic era) က မမ်မီရုပ်ပေါင်း ၄၀ ကျော်ကို ရှာဖွေတွေရှိခဲ့ကြောင်း ပြီးခဲ့စနေနေ့က ထုတ်ပြန် လိုက်ပါတယ်။ ရှာဖွေတွေ့ရှိတဲ့ မမ်မီရုပ်တွေဟာ ပျက်စီးမှုနည်းပြီးကောင်းမွန်တဲ့အခြေအနေမှာ ရှိနေကြောင်းလည်း သိရပါတယ်။


မမ်မီရုပ် ၄၀ ကျော်ထဲမှာ ကလေး ၁၂ ဦး နှင့် တိရစ္ဆာန် ၆ ကောင် နဲ့ အရွယ်ရောက်ပြီး အမျိုးသား၊ အမျိုးသမီးများ ပါရှိကြောင်း ရှေးဟောင်းသုတေသ ဌာနမှ ရာမီ ရာစ်မီက ပြောပါတယ်။
MDN
ကိုးကား - AFP

