ရန်ကုန် ၁ ဇန်နဝါရီ

 

မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့၏ ဦးဆောင်မှုဖြင့် နှစ်သစ်ကူးအထိမ်းအမှတ် ကင်းထောက်လူငယ်များ စုပေါင်း သွေးလှူဒါန်းပွဲကို ယနေ့ နံနက် နာရီက ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီး အမျိုးသားသွေးဌာန၌ ပြုလုပ်ရာ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ အမျိုးသားကင်းထောက်ချုပ် ဒေါက်တာတင်ညို၊ ကင်းထောက် အစီအစဉ်မှူးချုပ် ဦးအေးကြိုင်၊ ကင်းထောက်သင်တန်းမှူးချုပ် ဦးမြင့်ဆွေနှင့် ကင်းထောက်ကြီးများ၊ တက္ကသိုလ် ကင်းထောက် လူငယ်များ တက်ရောက်ကြသည်။

 

ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီး အမျိုးသားသွေးဌာနတွင် လိုအပ်လျှက်ရှိသော သွေးများအတွက် ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်၊ ရန်ကုန် ပညာရေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်တို့မှ တက္ကသိုလ်ကင်းထောက် မောင်မယ်များက သွေးများလှူဒါန်းကြကြောင်း မြန်မာနိုင်ငံကင်းထောက်အဖွဲ့မှ သိရသည်။

 

သတင်းစဉ်