ကျိုက်ထို ၃၁ ဒီဇင်ဘာ

 

မွန်ပြည်နယ် ကျိုက်ထိုမြို့၌ ထင်ရှားကျော်ကြားသည့် ကျိုက်ပေါလော မှဲ့ရှင်တော် ဘုရားအား ရက်ရှည် ရုံးပိတ်ရက်ဖြစ်သည့် ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးနေ့တွင် အနယ်နယ်အရပ်ရပ်မှ ဝန်ထမ်းအများစုသည် လာရောက်ဖူးမြော်ကြ၍ အထူးစည်ကားလျက်ရှိသည်။

 

 

အဆိုပါ ကျိုက်ပေါလော မှဲ့ရှင်တော်ဘုရားနှင့်အတူ သံသရာအေး မဟာဗောဓိ စေတီတော်မြတ်နှင့် မဟာမုနိသွန်းဘုရားကြီးအား လာရောက်ကြည်ညို ဖူးမြော်ခဲ့ကြသည်။ 

 

 

ယင်းသို့ လာရောက်ကြည်ညို ဖူးမြော်သည့်ဘုရားဖူးများမှာ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်အား သွားရောက်ဖူးမြော်ပြီး အပြန်တွင် လာရောက်ဖူးမြော်ကြကြောင်း သိရသည်။

 

 

ဘုရားဖူးများပြားသောကြောင့် မြို့နယ်ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ လုံခြုံရေးနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်- မော်လမြိုင် ကားလမ်းတစ်လျှောက် ယာဉ်များ အန္တရာယ်ကင်းရှင်းစွာ သွားလာလျက်ရှိသည်။

 

ဝင်းမောင်(ကျိုက်ထို)