ဇန်နဝါရီ ၁
ဦးအောင်ကိုဝင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ရဲ့ နာယက
နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အပံ့ပြုနိုင်တဲ့ အဖွဲ့အစည်းကြီးအဖြစ် အစဉ်ရပ်တည်လျက်ရှိသော UMFCCI ရဲ့ နာယကတစ်ဦးအနေနဲ့ နိုင်ငံတော်အစိုးရက ချမှတ်ထားတဲ့ စီးပွားရေးဆိုင်ရာ မူဝါဒများနဲ့အညီ နိုင်ငံတော်နဲ့ ပြည်သူ့အကျိုးအတွက် နိုင်ငံတကာနဲ့ ဟန်ချက်ညီတဲ့ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများရရှိနိုင်စေဖို့ ကုန်သည်/စက်မှု အသင်းချုပ်မှ တာဝန်ရှိသူအားလုံးနဲ့အတူ အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အလေးအနက်တင်ပြလိုပါတယ်။
နှစ်သစ်ကာလမှစ၍ နိုင်ငံသူ နိုင်ငံသားအားလုံး အကြွင်းမဲ့ ငြိမ်းချမ်းသော နိုင်ငံတော်ကြီးကို ပိုင်ဆိုင်နိုင်ပြီး စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက် ကောင်းမွန်လာစေဖို့၊ တရားဥပဒေ စိုးမိုးသော လုံခြုံစိတ်ချရတဲ့ လူမှု ပတ်ဝန်းကျင်ကို ပိုင်ဆိုင်နိုင်ဖို့၊ ပညာရည်ပြည့်ဝတဲ့ ထူးချွန်ထက်မြက်သော နိုင်ငံသားများဖြစ်စေဖို့၊ ကျန်းမာရေးစောင့်ရှောက်မှု ပြည့်ဝစွာရရှိတဲ့ ကျန်းမာသော နိုင်ငံသားများ ဖြစ်ကြပြီး နိုင်ငံတော်မှ အားကိုးအားထားပြုနိုင်သော လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်စေဖို့နဲ့ အလုပ်အကိုင် အခွင့်အလမ်းကောင်းများကို ပိုမိုတိုးတက် ပိုင်ဆိုင်နိုင်ကြပါစေလို့ လေးနက်စွာ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
နိုင်ငံတော်အစိုးရရဲ့ ဦးဆောင်မှုနှင့်အတူ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးကို တည်ဆောက်နေချိန်မှာ ကျွန်တော်တို့ ပြည်သူပြည်သား အားလုံးကလည်း အစိုးရနဲ့အတူ လက်တွဲပြီး ဘက်စုံကဏ္ဍစုံမှာ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားကြရင်း တာဝန်ကျေသော နိုင်ငံသားများအဖြစ် အမြဲရပ်တည်နိုင်ကြပါစေကြောင်း လေးစားစွာဖြင့် ထပ်လောင်း၍ ဆုမွန် တောင်းအပ်ပါတယ်။
ဦးဇော်မင်းဝင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်း၍ တိုးတက်ဖွံ့ဖြိုးစေရန်နဲ့ ပြည်သူများရဲ့ လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေဖို့ ပုဂ္ဂလိကစီးပွားရေးကဏ္ဍကို ဦးဆောင်နေတဲ့ မြန်မာနိုင်ငံကုန်သည်/စက်မှု အသင်းချုပ်ဟာ နိုင်ငံတော်အစိုးရ၊ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများနဲ့အတူ တစိုက်မတ်မတ် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ထို့အတူ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးမှုမှသည် နိုင်ငံရဲ့ ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးမှုအား ဖော်ဆောင်ဖို့အတွက် နိုင်ငံတော် အစိုးရဟာ မိမိတို့ ပုဂ္ဂလိကစီးပွားရေး ကဏ္ဍအသင်းအဖွဲ့တွေနဲ့ ပိုမိုနီးကပ်စွာ လက်တွဲကြိုးပမ်းမှုပြုနေတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်စွာ ကျေးဇူးတင်ရှိပါတယ်။
ဒီလိုဆောင်ရွက်နေတဲ့လုပ်ငန်းစဉ်မှာ မြန်မာနိုင်ငံ ကုန်သည်/စက်မှု အသင်းချုပ် အမှုဆောင်များအပါအဝင်၊ ညီနောင်အသင်းတွေ၊ အသင်းဝင်တွေနဲ့ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်တွေအားလုံး လာမည့်နှစ်သစ်ကာလအတွင်း ပိုမိုတက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားကြဖို့နဲ့ နှစ်သစ်မင်္ဂလာမှာ နိုင်ငံတော်ရဲ့ အကျိုးစီးပွား၊ ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အကျိုးစီးပွားတွေ ဖွံ့ဖြိုးတိုးတက်အောင်မြင်မှု အကျိုးရလဒ်ကောင်းတွေ ရရှိခံစားနိုင်ပါစေကြောင်း ဆုတောင်း မေတ္တာ ပို့လိုက်ပါတယ်။
ဒေါက်တာဇေယျာညွန့်
အသေးစားနှင့် အလတ်စားစက်မှု လုပ်ငန်းဖွံ့ဖြိုးရေးဘဏ် အမှုဆောင်အရာရှိချုပ်
အခုလို နှစ်သစ်ဆုမွန်စကား ပြောကြားခွင့်ရတဲ့အတွက် အများကြီး ဝမ်းသာပါတယ်။ ၂၀၁၉ ခုနှစ်ဟာ မြန်မာပြည်သူပြည်သားတွေအတွက် ကံကောင်းလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ စီးပွားဥစ္စာတွေလည်း ဒီရေအလား တိုးတက်ပါစေကြောင်း ဆုတောင်းပါတယ်။ ကျွန်တော်တို့ ဘဏ္ဍာရေးလောကကြီးမှာ လိုအပ်နေတဲ့ အခက်အခဲတွေကိုလည်း နှစ်သစ်မှာပူးပေါင်းပြီး ဖြေရှင်းဆောင်ရွက် သွားနိုင်ပြီး SME ကဏ္ဍတွေလည်း ဖွံ့ဖြိုးတိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ဦးဝင်းအောင်
မြန်မာသီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီလီမိတက် (MTSH) ဥက္ကဋ္ဌ
မြန်မာနိုင်ငံသူ နိုင်ငံသားများအနေနဲ့ လာမယ့်နှစ်သစ်မှာ နိုင်ငံရဲ့ အရေးအကြီးဆုံးဖြစ်တဲ့ ငြိမ်းချမ်းရေးပန်းတိုင်ကို အမြန်ဆုံး တက်လှမ်းနိုင်ပါစေ၊ ငြိမ်းချမ်းရေးနဲ့အတူ ယှဉ်တွဲပြီးတော့ တိုင်းရင်းသားတွေရဲ့ စီပွားရေးတွေ တိုးတက်လာပါစေ၊ လူမှုစီးပွားဘဝတွေ အမြန်ဆုံး တိုးတက်လာပါစေ။ ငြိမ်းချမ်းရေးနဲ့ စီးပွားရေးဆိုတာ အမြဲတမ်းဆက်နွှယ်နေပါတယ်။ ငြိမ်းချမ်းရေးအတွက် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေ၊ ဆွေးနွေးမှုတွေမှာလည်း ပြည်သူတွေကလည်း အစိုးရနဲ့ တက်ညီလက်ညီ ပူးပေါင်းပါဝင်ပြီးတော့မှ ဆောင်ရွက်နိုင်ကြပါစေလို့ ဆုမွန် ကောင်း တောင်းအပ်ပါတယ်။
အဂ္ဂမဟာ သီရိသုဓမ္မမဏိဇောတဓရ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ
မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ် တောင်တန်းဒေသသာသနာနုဂ္ဂဟ တာင်တန်းဒေသသာသနာနုဂ္ဂဟ အသင်း (ဗဟို) ဥက္ကဋ္ဌ
၂၀၁၉ ခုနှစ်မှာ မြန်မာတစ်နိုင်ငံလုံး အစစအရာရာ တိုးတက်စေချင်တယ်။ အထူးသဖြင့် စီးပွားရေးအခြေအနေတွေ ပြန်ကောင်းစေချင်တယ်။ အောက်ခြေကစပြီး ကောင်းမှ အလယ်၊ အလယ်ပြီးရင် ထိပ်၊ အဲဒီလို သွားတာ။ ပထမတန်းစားချမ်းသာတဲ့ သူတွေက ဒုတိယတန်းစားကို ဆွဲခေါ်ရမယ်၊ ဒုတိယတန်းစားကမှ အောက်ခြေကိုခေါ်ရမယ်၊ အဲဒီတော့မှ တိုင်းပြည်က တိုးတက်မှာ။ နှစ်သစ်မှ စပြီး တစ်ဦးနဲ့တစ်ဦး မစ္ဆရိယ စိတ်နည်းနည်းနဲ့ မုဒိတာပွားပြီး ကြီးပွားတိုးတက်အောင် ဆောင်ရွက်ကြမယ်ဆိုရင် အကုန်လုံး စားဝတ် နေရေးကအစ အဆင်ပြေမှာပါ။
ဦးသက်လွင်တိုး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း (UMTA) ဥက္ကဋ္ဌ
ကုန်လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ ခရီးသွားလုပ်ငန်း ရာသီဥတုဟာ တိမ်ဖုံးလို့ လမသာသော်ငြားလည်း အလင်းပြပြအောက်မှာ တရွေ့ရွေ့ ခရီးဆက်ရင်း အရှေ့မှ ရောင်နီကို မျှော်ခဲ့ရပါတယ်။ ၂၀၁၉ နှစ်သစ်မှာ ပြည်တွင်းပြည်ပ ခရီးသွားများ ဘေးအန္တရာယ် ကင်းရှင်းကြပြီး ဟိုတယ်/ခရီးသွားလုပ်ငန်းရှင်တွေ၊ ခရီးသွားလုပ်ငန်းကဏ္ဍမှာ ပါဝင်ပတ်သက်သူအားလုံး ခရီးသွားစီးပွား ဒီရေအလား တိုးတက်စေဖို့ ဆန္ဒပြု လိုက်ရပါတယ်။
နှစ်သစ် ၂၀၁၉ မှာ မြူတိမ်ကင်းစင်တဲ့ နေခြည်အလင်းနဲ့အတူ ခရီးသွားဖော် တိုင်းရင်းသားညီအစ်ကို မောင်နှမတွေရဲ့ ညီညာတက်ကြွတဲ့ အားမာန်အပြည့်နဲ့ ရှေ့သို့လှမ်းချီ ငြိမ်းချမ်းတဲ့ မြန်မာပြည်သစ်ဆီသို့ ချောမောစွာ ဆိုက်ရောက်ပါစေ ကြောင်း နှစ်သစ်မင်္ဂလာဆုတောင်း လိုက်ပါတယ်။
ဒေါက်တာထွန်းလွင် မိုးလေဝသပညာရှင်
နှစ်စဉ်နှစ်တိုင်းကမ္ဘာပေါ်မှာ ရာသီ ဥတု ပြောင်းလဲမှုဒဏ် အဆိုးရွားဆုံးခံရတဲ့ နိုင်ငံ ၁၀ နိုင်ငံမှာ မြန်မာနိုင်ငံ က ၂၀၁၂ ခုနှစ်ကနေ၂၀၁၇ ခုနှစ် အထိ ကမ္ဘာပေါ်မှာ ဒုတိယအဆိုးဆုံး နိုင်ငံဖြစ်ခဲ့တယ်။ ၂၀၁၈ ခုနှစ် နှစ်ကုန်ခါနီး ဒီဇင်ဘာလမှာ ၂၀၁၈ ခုနှစ်အတွက် ထုတ်ပြန်တဲ့ စာရင်းမှာတော့ နှစ်ပေါင်းများစွာ ရာသီဥတု ပြောင်းလဲခြင်းနဲ့ သဘာဝဘေး အန္တရာယ်ခံရမှု အဆိုးဆုံးဆိုတဲ့ စာရင်းမှာ ဒုတိယနေရာကနေ တတိယအထိ တက်သွားတာကတော့ မင်္ဂလာသတင်းပါ။ ဒါလည်း ကြောင်း ကျိုးဆီလျော်ရဲ့လားဆိုတော့ ဆီလျော်တယ်လို့ပဲ မြင်ပါတယ်။ အဓိကက တော့ နာဂစ်နောက်ပိုင်းစွမ်းဆောင်တာတွေ တွေ့ရတယ်။
ခါတိုင်းနှစ်တွေမှာလည်း ဘယ်အစိုးရတက်တက် သဘာဝဘေး အန္တရာယ်တွေကို ဒီလိုပဲ အလေးထားလာကြတယ်။ မြန်မာနိုင်ငံအနေနဲ့ သဘာဝဘေးအန္တရာယ် ကြုံတွေ့တဲ့နေရာမှာ အတိုင်းအတာက အထိုက်အလျောက် အရင်တုန်းကထက်စာရင် လျော့သွားတာတွေ့ရပါတယ်။ ဘာပဲ ပြောပြော မြန်မာနိုင်ငံအနေနဲ့ အဆင့် တစ်ဆင့်တက်သွားတာဟာ ကောင်းတဲ့ လက္ခဏာပါ။
ဒီနှစ်မှာ ဆုတောင်းစကားကတော့ နိုင်ငံဟာ ပညာနဲ့ တည်ဆောက်တဲ့ နိုင်ငံဆိုတာ လူတိုင်းသိစေချင်တယ်။ ပညာတတ်တွေလည်း ပေါပါစေ၊ ပညာတတ်တွေက တိုင်းပြည်နဲ့ လူမျိုးအတွက် အနစ်နာခံလုပ်ချင်တဲ့ စိတ်ဓာတ်တွေလည်း ရှိဖို့လိုတယ်။ အဲဒီလို စိတ်ကောင်းနှလုံးကောင်းရှိတဲ့ ပညာတတ်တွေလည်း ပေါများပါစေ။ နိုင်ငံတော်ကြီးကိုလည်း ပို၍ကောင်းမွန်တဲ့ နိုင်ငံအဖြစ်ရောက်အောင် ပို၍ စွမ်းဆောင်နိုင်ကြပါစေလို့ ဆုတောင်း ချင်ပါတယ်။
ဦးထွန်းလွင် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌ
နှစ်တစ်နှစ် ကုန်ဆုံးလို့ နှစ်သစ် ကူးပြောင်းခဲ့ပါပြီ။ ပြီးခဲ့တဲ့ နှစ်ထဲမှာ ပဲ၊ နှမ်း လုပ်ငန်းတွေ ဘယ်လိုရှိသလဲ၊ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ခဲ့ရသလဲဆိုတာ ပြန်လည်သုံးသပ်ရမှာပါ။ ၂၀၁၈ ခုနှစ်ဟာ ကျွန်တော်တို့ ပဲမျိုးစုံနဲ့ ပတ်သက်လို့ အခက်အခဲအကျပ် အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ နှစ်တစ်နှစ်လို့ ဆိုနိုင်ပါတယ်။ အိန္ဒိယ နိုင်ငံက မြန်မာနိုင်ငံ ပဲတင်သွင်းဝေစုကို ကန့်သတ်လိုက်တဲ့အတွက် ပဲစိုက် တောင်သူတွေသာမက ပဲရောင်း ဝယ်သူတွေ၊ ပဲတင်ပို့သူတွေပါ ထိခိုက် နစ်နာမှုတွေနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။
သို့ပေမယ့်လည်း နှစ်ကုန်ပိုင်းမှာ တော့ အိန္ဒိယနိုင်ငံရဲ့ ရာသီဥတု အခြေအနေအရသော်လည်းကောင်း၊ အခြားသော အခြေအနေများအရ သော်လည်းကောင်း ဈေးနှုန်းတွေ ပြန်လည်မြင့်တက်လာခဲ့ပါတယ်။ အဲဒါကြောင့်လည်း ပဲစိုက် တောင်သူတွေ ပြန်လည်စိုက်ပျိုးလာကြသလို ပဲတင်ပို့ ရောင်းချသူတွေပါ ပြန်လည်လုပ်ကိုင်မှုတွေ ရှိလာကြပါတယ်။ ယခု ၂၀၁၉ ခုနှစ်မှာတော့ မြန်မာ ပဲစိုက်တောင်သူတွေအတွက် နှစ်ကောင်းတစ်နှစ် ဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ၂၀၁၉ ခုနှစ်မှာ ပဲမျိုးစုံ စိုက်တဲ့တောင်သူတွေ၊ ပဲ၊ နှမ်းရောင်းဝယ်သူတွေ၊ တင်ပို့ရောင်း ချသူတွေအားလုံး လုပ်ငန်းကိုင်ငန်း တွေအဆင်ပြေကြပြီး အစစအရာရာ တိုးတက်ကြီးပွားကြပါစေ၊ အောင်မြင် ကြပါစေလို့ ဆုမွန်ကောင်းတောင်း လိုက်ပါတယ်။ အားလုံးကိုကျေးဇူးတင် ပါတယ်။
ကြေးမုံ