မိုးကောင်း ၃ ဧပြီ
၂၀၂၀ ခုနှစ် နှစ်သစ်ကူး သင်္ကြန်ကာလအတွင်း မြစ်ကြီးနား-မန္တလေး မီးရထားလမ်းပိုင်းရှိ ရထားအချို့ ပြေးဆွဲမှုယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း မိုးကောင်းဘူတာရုံပိုင်ကြီး ဦးမျိုးသိန်းထွန်းထံမှ သိရသည်။
မြစ်ကြီးနား-မန္တလေး အစုန်ရထားများဖြစ်ကြသည့် အမှတ် ၃၂၊ ၃၄၊ ၅၈ ရထားများ၊ မန္တလေး-မြစ်ကြီးနား အဆန်ရထားများဖြစ်ကြသည့် အမှတ် ၃၁၊ ၃၃၊ ၅၇ ရထားများနှင့် RBE ရထားများကို ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ လည်းကောင်း၊ ခရီးတိုရထားများကို ဧပြီ ၁၂ ရက်မှ ၁၆ ရက်ထိ ပြေးဆွဲမှု ယာယီရပ်နားထားမည်ဖြစ်သည်။
အမှတ် ၃၁-၃၂ အစုန်-အဆန် Aircon လေအိတ်အထူးရထား ပြေးဆွဲမှုကို ဧပြီ ၄ ရက်မှစ၍ ရက်အကန့်အသတ်မရှိ ယာယီရပ်နားထားမည်ဖြစ်ပြီး အမှတ် ၅၅-၅၆၊ ၄၁-၄၂ အစုန်/အဆန် ရထားများနှင့် နဘားလော်ကယ်ရထားများကို ပုံမှန်အတိုင်းအချိန်မှန်ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)


