၂ ဇန်နဝါရီ
ဗီယက်နမ်နိုင်ငံ၌ လေးရက်ကြာမြင့်ခဲ့သည့် နှစ်သစ်ကူးပိတ်ရက်များအတွင်း ယာဉ်မတော်တဆမှုပေါင်း ၁၃၆ မှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၁၁ဦးသေဆုံးကာ ၅၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဗီယက်နမ်ယာဉ်ထိန်းဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။
အင်္ဂါနေ့က ပြီးဆုံးခဲ့သည့် ၂၀၁၉ ခုနှစ် နှစ်သစ်ကူးပိတ်ရက်များတွင် တစ်နိုင်ငံလုံးရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့က ဥပဒေချိုးဖောက်မှုပေါင်း ၁၅၂၀ဝ မှုကို ကိုင်တွယ်ခဲ့ရပြီး ယာဉ်မောင်းလိုင်စင် ၃၃၀ဝကို ရုပ်သိမ်းခဲ့ကာ စည်း ကမ်းချိုးဖောက်သူများကို ဒေါင် ၁၃ ဒသမ ၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၀ဝ၀ဝ၀) ဒဏ်ရိုက်ခဲ့သည်။
သုံးရက်ကြာခဲ့သည့် ၂၀၁၈ ခုနှစ် နှစ်သစ်ကူးပိတ်ရက်များအတွင်း ဗီယက်နမ်နိုင်ငံ၌ ယာဉ်မတော်တဆမှု ၁၂၄ မှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၆၇ဦးသေဆုံးကာ ၇၄ဦး ဒဏ်ရာရရှိခဲ့သည်။
၂၀၁၈ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံ၌ ယာဉ်မတော်တဆမှုပေါင်း ၁၈၂၃၂ မှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၈၁၂၅ ဦး သေဆုံးကာ ၅၁၂၄ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ၉၀၇၀ ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း၊ အဆိုပါဌာနက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်