ချောင်းသာ ဇန်နဝါရီ ၁
ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေတွင် နှစ်သစ်ကူး ရုံးပိတ်ရက်ကာလ အပန်းဖြေ လာရောက်သူ၊ ရေကစားသူများဖြင့် ယခင်ပုံမှန်ရက်များထက် ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက ပိုမိုစည်ကားလျက်ရှိသည်။
ကမ်းခြေသို့ လာရောက်သူများ အေးချမ်းပျော်ရွှင်စွာ အနားယူအပန်းဖြေရန်နှင့် ကမ်းခြေသာယာ လှပစေရန်အတွက် မြို့အုပ်ချုပ်ရေးမှူးရုံးနှင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ ပြန်/ဆက်၊ နယ်မြေခံတပ်/ရဲများ၊ မီးသတ်ဝန်ထမ်းများပါဝင်သည့် ကမ်းခြေစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ကျော်ကျော် (ပြန်/ဆက်)