သံဖြူဇရပ် ဇန်နဝါရီ  ၂

 

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ကျက်သရေဆောင် ကျိုက္ခမီရေလယ်ဆံတော်ရှင်မြတ်ဘုရား၌ နှစ်သစ်ကူးပိတ်ရက် ဖြစ်သည့် ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းတွင် ဘုရားဖူးလာရောက်ကြသည့် ပြည်သူများ အေးချမ်းစွာ ဘုရားဖူးကုသိုလ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။

    

သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါသိသာစွာ လျော့နည်းကျဆင်းမှုရှိသော်လည်း ကူးစက်မှုနှုန်း ဟန့်တားထိန်းချုပ်နိုင်ရေးနှင့် ကိုဗစ်-၁၉ ကာလ ပြည်သူများစိတ်နှလုံးအေးချမ်းစွာဖြင့် ကုသိုလ်ယူနိုင်ကြစေရန် ရည်ရွယ်၍ တန်ခိုးကြီးဘုရားဖြစ်သည့် ကျိုက္ခမီရေလယ်ဆံတော်ရှင်မြတ်ဘုရားတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ရပ်နီး၊ ရပ်ဝေးမှ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖြင့် ဆွမ်း၊ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်၍ ဘုရားဝတ်ပြုဆုတောင်းသူများနှင့် စျေးရောင်း၊ စျေးဝယ်များဖြင့် စည်ကားသိုက်မြိုက်လျက်ရှိကြောင်း သိရသည်။

 

အေးအေးမွန်(ပြန်/ဆက်)