ရန်ကုန်   ၁၉   ဒီဇင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော နှစ်သစ်ကူးတရား အလှူတော် ဓမ္မသဘင်အခမ်းအနားကို ရွှေတိဂုံစေတီတော်မြတ်ကြီး ခြေတော်ရင်း ပြည်သူ့ဥယျာဉ်၌ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက် (ဗုဒ္ဓဟူးနေ့)မှ ဇန်နဝါရီ ၃ ရက် (သောကြာနေ့)အထိ သုံးရက်တိုင်တိုင် ညစဉ် ည ၇ နာရီခွဲတွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

ဇန်နဝါရီ ၁ ရက် (ဗုဒ္ဓဟူးနေ့)တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ၊ ဇန်နဝါရီ ၂ ရက် (ကြာသပတေးနေ့)တွင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ နှင့် ဇန်နဝါရီ ၃ ရက် (သောကြာနေ့)တွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရတို့ နှစ်သစ်ကူး တရားရေအေး အမြိုက်ဆေး တိုက်ကျွေးမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်