၅ သြဂုတ်
အီရန်တော်လှန်ရေး ကမ်းခြေစောင့်တပ်ဖွဲ့က ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သည့် ရေနံတင်သင်္ဘောသည် အီရတ်သင်္ဘောတစ်စီးဖြစ်ကြောင်း အီရန် နိုင်ငံပိုင် သတင်းထုတ်လွှင့်သူက သတင်းဖော်ပြထားသည်။ ထိုသင်္ဘောသည် ရေနံမှောင်ခိုသွင်းထုတ်ရန် ကြိုးစားနေခြင်းဖြစ်သည်ဟု အီရန်တို့က ဆိုသည်။
သတင်းထုတ်လွှင့်သူက ထိုသင်္ဘော၏ ဗွီဒီယိုဖိုင်ကို ယမန်နေ့က ထုတ်လွှင့်ပြသရာတွင် ယင်းသင်္ဘောပေါ်၌ လောင်စာဆီကဲ့သို့သောအရာများကို တွေ့မြင်ရပြီး ထိုသင်္ဘောအနီးဝန်းကျင်တွင် အီရန်ကင်းလှည့်လှေများ ရောက်လာသည်ကို ပြသထားသည်။
အီရန်ကမ်းခြေစောင့်တပ်ဖွဲ့က ထိုသင်္ဘောဝန်ထမ်း ခုနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားသည်။
ထို အီရန်ကမ်းခြေစောင့်တပ်ဖွဲ့က ယင်းသင်္ဘောများ ဖမ်းဆီးခြင်းသည် မှောင်ခိုစစ်ဆင်ရေးတစ်ခုတွင် တရားဝင်ထိရောက်စွာ နှိမ်နင်းခဲ့ခြင်းဖြစ်သည်။
၎င်းသင်္ဘောကို အီရတ်သင်္ဘောတစ်စီးဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း ထိုစွပ်စွဲချက်ကို ဘဂ္ဂဒက်က ငြင်းဆိုထားသည်။
မကြာသေးမီ သီတင်းပတ်များအတွင်း အီရန်တို့ဖမ်းဆီးရမိခဲ့သော ရေနံတင်သင်္ဘောများတွင်ထိုသင်္ဘောသည် တတိယမြောက် သင်္ဘောဖြစ်သည်။
အမေရိကန်နိုင်ငံက အီရန်ရေနံတင်ပို့မှုနှင့်ပတ်သက်ပြီး ပိတ်ပင်သည့် ပြစ်ဒဏ်သတ်မှတ်ခြင်းကို ဖိအားပေးမှုတိုးမြှင်ခဲ့သောကြောင့် စွမ်းအင်တင်ပို့မှုအတွက် အရေးပါသော လမ်းကြောင်းဖြစ်သည့် ပါရှန်ပင်လယ်ကွေ့အတွင်း အီရန်တို့လှုပ်ရှားသွားလာမှု များပြားလာသည်။
ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို