၁၅ ဒီဇင်ဘာ
အငှားနဲ့ ထွက်မယ့် အယ်လီ
နည်းပြမော်ရင်ညို လက်အောက်မှာ နေရာပျောက်နေတဲ့ စပါးကွင်းလယ်ကြယ်ပွင့် ဒယ်လီအယ်လီကို ဇန်နဝါရီဈေးကွက် ဖွင့်လှစ်ချိန်မှာ အဲဗာတန်က အငှားနဲ့ ခေါ်ယူဖို့ အသင့်ရှိနေကြောင်း စတားအားကစား သတင်းဌာနက ဖော်ပြပါတယ်။ အယ်လီဟာ စပါးနဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းတို့ တွေ့ဆုံခဲ့တဲ့ ပရီမီယာလိဂ်ပွဲမှာ လူစားဝင် ကစားသမားအဖြစ် ၅မိနစ်သာ ဝင်ကစားခဲ့ရပြီး ဒီပွဲဟာ ယခုနှစ် ဘောလုံးရာသီ စပါးအတွက် သူ့ရဲ့ သုံးပွဲမြောက် ကစားခွင့်ရတဲ့ ပွဲလည်းဖြစ်ခဲ့ပါတယ်။သူဟာ ရာသီအစ စပါးက အဲဗာတန်အသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲမှာ ပွဲထွက် ကစားခွင့် ရခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ ကစားခွင့် လုံးဝ ပျောက်ဆုံးခဲ့ရတာဖြစ်ပါတယ်။
ရီးယဲလ်က ထွက်ခွာဖို့ စိတ်ပိုင်းဖြတ်ထားပြီးဖြစ်တဲ့ အစ္စကို
ရီးယဲလ်မက်ဒရစ် နည်းပြ ဇီဒန်းက ကွင်းလယ်လူ အစ္စကိုဟာ သူ့ရဲ့ အစီအစဉ်မှာ ပါဝင်ဆဲ ကစားသမားလို့ ဆိုခဲ့ပေမယ့် ပွဲထွက်ချိန်တော့ အကန့်အသတ် ရှိဦးမယ်လို့ ဆိုပါတယ်။ အစ္စကိုကတော့ သူ့ရဲ့ အကောင်းဆုံး အချိန်တွေကို အရန်ကစားသမားအဖြစ် မကုန်ဆုံးဖို့ ရီးယဲလ်က ထွက်ခွာဖို့ လမ်းကလွဲရင် မရှိဘူးလို့ ယူဆထားကာ လာမယ့် ဇန်နဝါရီဈေးကွက် အသင်းမှာပဲ အသင်းပြောင်းဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်ပါတယ်။ အစ္စကိုက ရီးယဲလ်အအသင်းက သူ့ကို အငှားချဖို့ထက် အပြီးရောင်းချဖို့သာ လိုလားပြီး ပရီမီယာလိဂ် အသင်းတစ်သင်းဆီ ရောက်ရှိဖို့ အလားအလာ များနေတယ်လို့ ယူဆရပါတယ်။
ဒီဘားလားအတွက် ပေါင်သန်း ၇၀ နီးပါးသုံးဖို့ စပါးအသင့်ရှိနေ
စပါးအသင်းက ဂျူဗင်တပ်အသင်းတိုက်စစ်မှူး ဒီဘားလားအတွက် ပေါင် ၆၃ ဒသမ ၆ သန်း အသုံးပြုဖို့ အသင့်ရှိနေကြောင်း သိရပါတယ်။ နည်းပြ မော်ရင်ဟိုက အသင်းမှာ ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်တို့လို ထိပ်တန်း တိုက်စစ်မှူးတွေ ရှိနေပေမယ့် ပရီမီယာလိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့အတွက် ဒီဘားလားလို ထိပ်တန်း တိုက်စစ်မှူး တစ်ဦးကို ဇန်နဝါရီဈေးကွက် အတွင်းမှာပဲ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ ဒီဘားလားကလည်း နည်းပြ ပီယာလို လက်အောက်မှာ ပွဲထွက်ချိန် နည်းပါးနေတာကြောင့် အသင်းပြောင်းဖို့ စဉ်းစားနေပေမယ့် ဘလွန်းဒီအောဆုရယူဖို့အထိ ရည်မှန်းထားတဲ့အတွက် စပါးလို အသင်းကို ပြောင်းပါ့မလားဆိုတာ စဉ်းစားစရာရှိပါတယ်။
မေလဲ့သင်း