လန်ဒန် ၁၆ ဩဂုတ်

 

ဗြိတိန်အစိုးရက လတ်တလော စမ်းသပ်နေသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်မျိုးအတွက် တစ်ခါသောက်ဆေးပမာဏ သန်း ၉၀ ခန့် ရှိကြောင်း ပြောကြားလိုက်သည်။

 

သဘောတူညီချက်အရ ဗြိတိန်သည် အမေရိကန် ဇီဝနည်းပညာ ကုမ္ပဏီဖြစ်သော နိုဗာဗက်ထံမှ တစ်ခါသောက် ဆေးပမာဏသန်း ၆၀ ရရှိမည်ဖြစ်ပြီး အမေရိကန် ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်သော ဂျွန်ဆန်အင်န် ဂျွန်ဆင်ထံမှ တစ်ခါသောက် ဆေးပမာဏသန်း ၃၀ ရရှိမည်ဖြစ်သည်။

 

နိုဗာဗက်၏ ကိုဗစ်-၁၉ ကာကွယ်ဆေးတချို့ကို ဗြိတိန်တွင် ထုတ်လုပ်မည်ဖြစ်သည်။

 

ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်မျိုးလုံးကို ဗြိတိန်တွင် ရရှိအောင် နောက်နှစ် နှစ်လယ်ထက် တတ်နိုင်သမျှ စောစွာရရှိအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရက ပြောကြားလိုက်သည်။

 

ကာကွယ်ဆေးရရှိချိန်တွင် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနှင့် အသက်ကြီးသူများကို ဦးစားပေးအနေဖြင့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဗြိတိန်သည် နောက်ထပ် ကာကွယ်ဆေးလေးမျိုးကို ထောက်ပံ့ပေးရန်လည်း စီစဉ်ထားသည်။ ၎င်းကာကွယ်ဆေး လေးခုအနက် အောက်စဖို့ဒ်တက္ကသိုလ်နှင့် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ အက်စ်တရာဇနီးကားတို့မှ ပူးပေါင်းထုတ်လုပ်သော ကိုဗစ်-၁၉ ကာကွယ်ဆေးလည်း ပါဝင်ကြောင်း သိရသည်။

 

ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဘေးအန္တရာယ်ကင်းပြီး အကျိုးသက်ရောက်မှုရှိရန် ဆေးဝါးကုမ္ပဏီများက ကုသမှုဆိုင်ရာ လက်တွေ့စမ်းသပ်မှုများ ပြုလုပ်လျက်ရှိသည်။

 

အင်န်အိတ်ချ်ကေ