အစ္စရေးနိုင်ငံက ဂါဇာတွင်ရှိသည့် ပါလက်စတိုင်းစစ်သွေးကြွအုပ်စုကို ထပ်မံတိုက်ခိုက်မှုများ လုပ်ဆောင်သွားဖွယ်ရှိကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက သတိပေးခဲ့သည်။
ပြီးခဲ့သော လေးနှစ်အတွင်း ဂါဇာဒေသ၌ စစ်ဆင်ရေးအဆုံးသတ်သွားချိန်နောက်ပိုင်း ဟားမက်အဖွဲ့၏ အဓိကကျသော အဆောက်အဦများကို တစ်ရက်အတွင်း အစ္စရေးနိုင်ငံက ဖျက်ဆီးခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟူးက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
အစ္စရေးနိုင်ငံနှင့် အစ္စရေးပြည်သူများကို ကာကွယ်ရန်အတွက် ပြင်ဆင်မှုအများအပြား ပြုလုပ်နေကြောင်း ၎င်းက ပြောကြားသည်။

အကြမ်းဖက်မှု အရှိန်မြင့်တက်လာခြင်းကြောင့် အမေရိကန်နိုင်ငံသို့ သွားရောက်မည့် ၎င်း၏ ခရီးစဉ်ကို ဖျက်သိမ်းပြီးနောက် အဆိုပါ မှတ်ချက်စကားကို ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်ပြီး အစ္စရေးနှင့် ပါလက်စတိုင်းတို့ကြား သဘောတူညီမှု ရယူခဲ့ပြီး အကြမ်းဖက်မှု ရပ်တန့်သွားခဲ့သည်ဟု ဟားမက်အဖွဲ့ထံမှ သိရသည်။
မည်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုမျှ ရရှိခဲ့ခြင်းမရှိသော်လည်း အစ္စရေးတပ်မတော်က တိုက်ခိုက်မှုများကို အချိန်မရွေး ပြန်လည်စတင်နိုင်ကြောင်း အင်္ဂါနေ့က အစ္စရေးအစိုးရ သတင်းရပ်ကွက်တစ်ခုကို ကိုးကား၍ အစ္စရေးမီဒီယာများက ဖော်ပြသည်။
အစ္စရေးတပ်မတော်က ဂါဇာနယ်စပ်တစ်လျှောက် တင့်ကားများ စုရုံးထားခဲ့ပြီး အရံတပ်ဖွဲ့ဝင်များ ဆင့်ခေါ်ခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်
