ဆီဆိုင်၊   ၄    ဖေဖော်ဝါရီ         

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ကျောင်းချယ်ကျေးရွာ၊ ဘန်းယဉ်ကျေးရွာ၊ နောင်အယ်ကျေးရွာ၊ တိကလိုင်ကျေးရွာနှင့် ဟိုတင့်ကျေးရွာတို့မှ အိမ်ခြေ(၅၃၀)၊ လူဦးရေ(၂၅၀၀)ဦးခန့်အတွက် လယ်မြေဧက(၁၅၀၀) အကျိုးပြုသည့် နောင်အယ်ရေလွှဲဆည်(ကျောင်းချယ်) တည်ဆောက်ခြင်းနှင့် ရေဝပ်ဧရိယာ တူးဖော်ခြင်းလုပ်ငန်း ၆၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ်(၁၅၀)သန်းဖြင့် အလျားပေ ၁၀၀၊ အနံ ၄၅ ပေ၊ အမြင့် ၁၀ ပေရှိ နောင်အယ်ရေလွှဲဆည်(ကျောင်းချယ်) တည်ဆောက်ခြင်းလုပ်ငန်းနှင့် အရှည်ပေ ၃၀၀၊ အကျယ် ၇၅ ပေ၊ အမြင့် ၈ ပေရှိ ရေဝပ်ဧရိယာတူးဖော်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပြီးစီးမှုအခြေအနေများကို မြို့နယ်အဆင့် တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် အရည်အသွေးစစ်ဆေးရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတို့က ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲ ၁ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ရဲထွန်းက ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

 

ခွန်ရဲထွေး(ဆီဆိုင်)

 

mdn