နေပြည်တော် ၂ ဇန်နဝါရီ
မူးယစ်တပ်ဖွဲ့စု(၂၄) လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁ ရက် ည ၈ နာရီက နောင်ချိုမြို့အဝင်၊ အိုရီယမ်တယ် တိုးဂိတ်အနီးတွင် ကျန်ဇိုးရှင်း မောင်းနှင်လာသည့် TOYOTA CROWN SALOON အမျိုးအစား မော်တော်ယာဉ်အား ရှာဖွေရာ ဘိန်းဆီခဲ ၁၂ ဒသမ ၉၀၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၆၀၀ ပြား၊ လက်ကိုင်ဖုန်းတစ်လုံး၊ ငွေကျပ် ၅ သိန်းနှင့် ATM ကတ် ၂ ခုတို့ကိုလည်းကောင်း။
ထို့အတူ ယင်းနေ့မွန်းလွဲ ၁ နာရီ ၄၅ မိနစ်က မူးယစ်တပ်ဖွဲ့စု(၁၆) ပြင်ဦးလွင်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သပိတ်ကျင်းမြို့နယ်၊ တောင်လယ်ကျေးရွာ၊ သစ်ခွဲပင်သစ်ဆိပ်အနီး၊ မိုးမိတ်-တွင်းငယ် ကားလမ်းတွင် အောင်အောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၆၀၀ ပြား၊ ဆိုင်ကယ်ရှေ့မီးခွက်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၆၀၀၀ ပြားနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ နံနက်ပိုင်းက မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မောင်တောမြို့၊ မြို့မ(တောင်) ရပ်ကွက်နေ မိုဟာမက်ရီယာစ် (ခ) လေရူး (ခ) ဇော်ဇော်၏ နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)