နေပြည်တော် ၁၄ ဧပြီ
မူးယစ်တပ်ဖွဲ့စု(၂၄) လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၃ ရက် နံနက်ပိုင်းက နောင်ချိုမြို့နယ်၊ အိုရီယမ်တယ်တိုးဂိတ်အနီး၊ မူဆယ်-မန္တလေး ပြည်ထောင်စု ကားလမ်းမပေါ်တွင် ဟုန်ဖာကျုံး(ခ) အောင်နိုင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ ဆပ်ပြာခွက် ၈ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူဂရမ် ၈၀ နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၆၀ဝ ကို သိမ်းဆည်းရမိခဲ့သည်။
အလားတူ ယင်းနေ့မွန်းလွဲပိုင်းက တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ တာလော့ရပ်ကွက်၊ တရုတ်ဘုံကျောင်းလမ်းမပေါ်တွင်တွေ့ရှိသူ ထိုင်းနိုင်ငံသား Mr. NokNoi Srithanyarat အားစစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၃ ပြားကိုလည်းကောင်း။
ထို့အတူ ဧပြီ ၁၂ ရက် ညပိုင်းက ပင်ဖြစ်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ ပင်ဖြစ်ကျေးရွာနေ စိုးထွန်း၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်ဧည့်ခန်းအတွင်း အမျိုးသား(၁၀)ဦးအား ထိုင်လျက်တွေ့ရှိရပြီး စိုးထွန်းပါ(၇)ဦးမှာ ထွက်ပြေးသွားကာ ကျန်ရှိခဲ့သည့် ကံထူး၊ ရန်နိုင်ထွန်းနှင့် ကျော်မျိုးခိုင်(ခ)ခိုင်ကြီးတို့ ၃ ဦးအနီးရှိသေတ္တာ အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉,၆၀ဝ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။
MDN