နေပြည်တော်၊ မေ ၈

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၆ ရက် ည ၁၀ နာရီခွဲတွင် နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် EXPRESS အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁,၈၈၀ ကိုလည်းကောင်း။

မေ ၇ ရက် ညနေ ၆ နာရီ ခွဲတွင် တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ မိုင်းသော်(အရှေ့) ကျေးရွာအုပ်စု၊ တောင်နီကျေးရွာရှိ မဇာဇာဝင်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၁,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ည၇ နာရီတွင် တစ်ရွာတည်းနေ ကွင်းဆက်တရားခံ မဌေးဌေးကြူ ကို ၎င်း၏နေအိမ်တွင် ဆက်လက်ဖမ်း ဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား