နောင်ချို စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နောင်ချို-ဟိုတယ် မိသားစုမှ ယနေ့နံနက် ၈ နာရီမှစ၍ အခြေခံစားကုန် ဆန်၊ ဆီ၊ ဆား တို့ကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးရာတွင် အလှူရှင် ဦးပြုံးကိုကို+ဒေါ်နန်းလောဝ်ဟိန်း နောင်ချို-ဟိုတယ် မိသားစုမှ လှူဒါန်းထားမှုအပေါ် အိမ်ထောင်စုတစ်စုလျှင် ဆန်(၄) ပြည်အိတ်တစ်အိတ်၊ ဆီ ၅၀ သားဘူး တစ်ဘူး၊ ဆားတစ်ထုပ် တို့ကို နောင်ချိုမြို့ပေါ် ရပ်ကွက်များဖြစ်သော ဘူတာရပ်၊ ဈေးရပ်ကွက်၊ တောင်ရပ်ကွက်၊ ပါဟတ်ရပ်ကွက်၊ သပြေရေရပ်ကွက်တို့မှ အိမ်ထောင်စု (၄၀၀)နှင့် စစ်စီထိုး၊ လွယ်တောင်း၊ ဘော်ရွာ၊ ရေး မောင်းတန်း ၊ ရွှေညောင်ပင် ကျေးရွာတို့မှ အိမ်ထောင်စု(၁၀၀) အိမ်ထောင်စုပေါင်း (၅၀၀)တို့မှ အခြေခံလူ တန်းစား ပြည်သူများကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာလအတွင်း အလှူရှင်များမှ စဉ်ဆက်မပြတ် လှူဒါန်းပေးလျက်ရှိပြီး အခြေခံလူတန်းစာများ၏ စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ရရှိစေရန် ရည်ရွယ်၍ လှူဒါန်းထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ထွေးငယ် (ပြန်/ဆက်)