နောင်ချို  ၂၉  စက်တင်ဘာ

 

ကျောက်မဲခရိုင် နောင်ချိုမြို့ အထက(၁)တွင် Quarantine ဝင်ရောက်နေသော အမျိုးသမီးများအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊  ကျောက်မဲခရိုင်၊  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနမှ အမျိုးသမီးတစ်ကိုယ်ရေသုံး ပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းက  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

mdn

 

ထောက်ပံ့ပေးအပ်ရာတွင် ကျောက်မဲခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်ကြက်ခြေနီနှင့် နောင်ချိုမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များက အမျိုးသမီး တစ်ကိုယ်ရေသုံး ပစ္စည်းများဖြစ်သည့် လက်ဆွဲအိတ်၊အင်္ကျီ၊ လုံချည်၊ ခေါင်းလျှော်ရည်၊လက်ဆေးဆပ်ပြာ၊ သွားတိုက်ဆေး သွားတိုက်တံ၊ လက်သည်းညှပ်၊ ဖိနပ်၊ ခေါင်းဘီး၊ ဆပ်ပြာခရင်၊ လစဉ်သုံးပစ္စည်း၊ မျက်နှာသုပ်ပုဝါ၊ ထီး၊ မှန် ၊ သနပ်ခါး စသည်တို့ကို Quarantine ဝင်ရောက်နေသူအမျိုးသမီး (၇) ဦးအား လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထွေးငယ်၊ နောင်ချို ပြန်/ဆက်