နောင်ချို  ၂၆  အောက်တိုဘာ

 

ကျောက်မဲခရိုင် နောင်ချိုမြို့ ပါဟတ်ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား ဦးစိုးလွင်+ဒေါ်အေးမွန်(ရွှေဆိုင်) မိသားစုက ယမန်နေ့ ၉နာရီက ပါဟတ်ရပ်ကွက်ဓမ္မာရုံ၌ အခြေခံစားကုန် ဖြစ်သော ဆန်များထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

ထောက်ပံ့ပေးအပ်ရာတွင် အလှူရှင်၏လှူဒါန်းမှုများဖြင့်  ပရဟိတအဖွဲ့များက ပါဟတ်ရပ်ကွက် အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု  (၁၀၀) အား တစ်အိမ်ထောင်လျှင်  ဆန် (၆) ပြည်နှုန်းဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီလူစုလူဝေးမဖြစ်စေရေးအတွက် စနစ်တကျ ထောက်ပံ့ပေးခဲ့ကြသည်။

 

နောင်ချို့မြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်း အခြေခံလူတန်းစားအိမ်ထောင်စုများ၏ စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှအထောက်အပံ့ရစေရန်ရည်ရွယ်၍အလှူရှင်များက  စေတနာထက်သန်စွာဖြင့် စဉ်ဆက်မပြတ် လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

 

ထွေးငယ်၊နောင်ချို ပြန်/ဆက်

 

mdn