နောင်ချို ဇူလိုင် ၂၆
ရှမ်းပြည်နယ် (မြောက်ပိုင်း )၊ နောင်ချိုမြို့နယ် သပြေရေ ရပ်ကွက်ရှိ အိမ်ထောင်စု (၇၀)သို့ စား သောက်ကုန်ပစ္စည်းများကို ယမန်နေ့က ပေးဝေခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုနှုန်းမှာ နေ့စဉ်မြှင့်တက်လျက်ရှိရာ ရောဂါကာ ကွယ်တားဆီ ထိန်းချုပ်နိုင်ရေးအတွက် ဇူလိုင်လ ၂၃ ရက်မှ စ၍ Semi lockdown သတ်မှတ်ကာ ဈေး ဝယ်ရန်၊ ဆေးခန်းသွားရန် လိုအပ်ပါက နံနက် ၄ နာရီမှ ၁၂ နာရီအထိသာ သွားလာခွင့်ပြုခဲ့ပြီး နေ့လယ် ၁၂ နာရီနောက်ပိုင်းတွင် ကျန်းမာရေးကိစ္စမှလွှဲ၍ ပြင်ပထွက်ခွာခြင်း လုံးဝ မပြုလုပ်ရန် ညွှန်ကြားထားပြီး ဖြစ်ပါသည်။
သပြေရေ ရပ်ကွက်အနေဖြင့် မိမိရပ်ကွက်အတွင်းမှ ပြည်သူများအား ကျန်းမာရေးကိစ္စမှလွှဲ၍ ရပ် ကွက်ကျော်လွန်သွားလာခွင့် ပိတ်ထားခြင်း၊ အခြားရပ်ကွက်မှ ပြည်သူများကိုလည်း ဝင်ရောက်ခွင့် ပိတ် ထားခြင်းတို့ဖြင့် ကိုဗ-၁၉ရောဂါ ကူးစက်မှုလျော့နည်းစေရေး စီစဉ်ဆောင်ရွက်ထားရှိခဲ့ပြီး ရပ်ကွက်အုပ် ချုပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် ရပ်ကွက်အတွင်း စားဝတ်နေရေး ခက်ခဲသူများအား အဆင်ပြေစေရန် ဆန် ၊ ဆီ၊ ဆား ၊ ကြက်သွန်နီ၊ ကြက်ဥ၊ ဟင်းချက်စရာများ (စုစုပေါင်း တန်ဖိုး ၁၀ သိန်းကျော်) အား အိမ်ထောင် စု ၇၀ ကို ပေးဝေခဲ့ကြောင်း သိရသည်။
ထိုသို့ ပေးဝေနိုင်ရန် ရပ်ကွက်အတွင်း ငွေကြေးတတ်နိုင်သော အလှူရှင်များမှ ဝိုင်းဝန်းပူးပေါင်း လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထွေးငယ်၊(ပြန်/ဆက်)


