နောင်ချို ၂၄ ဧပြီ
ကျောက်မဲခရိုင်၊နောင်ချိုမြို့ အမက(၃)အနီး ကစားကွင်း၌ ဖွင့်လှစ်ထားရှိသော ယာယီပျံကျဈေးသည်များနှင့် ဈေးဝယ်များအား ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နံနက်ပိုင်းက Mask များ အခမဲ့ဖြန့်ဝေခြင်းနှင့် လိုက်နာရန်စည်းကမ်းချက်များ ဗီနိုင်းတပ်ဆင်ခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
ယာယီပျံကျဈေးအတွင်း ဈေးရောင်းချသူများအနေဖြင့် (၆) ပေအကွာ ရောင်းချလျက်ရှိပြီး ဝယ်ယူသူများမှလည်း သတ်မှတ်ထားသော အချိန်ကာလအတွင်း စနစ်တကျ ဝယ်ယူလျက်ရှိရာ ဈေးသည်၊ ဈေးဝယ်များ ကိုဗစ်-၁၉ ကာကွယ်တားဆီးနိုင်ရေးအတွက် အပြင်ထွက်တိုင်း Mask တပ်ရန်၊ မကြာခဏလက်ကို စနစ်တကျဆေးရန်၊ ဈေးသည်များအနေဖြင့် သတ်မှတ်ထားသည့် နေရာ၌သာ ရောင်းချကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းထွေးနှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးပေါင်ခန့်လန်၊ လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းမော်နှင့်ဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထွေးငယ် (နောင်ချိုပြန်/ဆက်)


