နောင်ချို ၈ ဇွန်

 

ကျောက်မဲခရိုင် နောင်ချိုမြို့နယ် ဘူတာရပ်ကွက်  နယ်မြေ(၁၂)၌ ဇွန်လ ၇ ရက် မွန်းလွဲ ၃ နာရီခွဲက မိုးရွာသွန်းပြီး  ရုတ်တရက်လေပြင်း တိုက်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

လေပြင်းတိုက်ခတ်မှုကြောင့် အမက(၂)ကျောင်းရှိ အလျား(၉၅)ပေ၊ အနံ (၂၇) ပေရှိ (၄) ခန်းတွဲကျောင်းဆောင်၏ သွပ်အမိုးများလန်ခြင်း၊ လူနေအိမ် (၁)လုံး၏တိုင်၊ မြားတန်းများပျက်စီးခြင်း၊ သွပ်မိုးများလန်ခြင်း၊လူနေအိမ်(၂)လုံး၏ အုတ်တံတိုင်းများပြိုခြင်း၊ လူနေအိမ်(၅)လုံး၏ သွပ်အမိုးများ လန်ခြင်းတို့ဖြစ်ပေါ်ခဲ့ကာ စုစုပေါင်း ကျောင်းဆောင်တစ်ဆောင်နှင့် လူနေအိမ်(၈)လုံး ပျက်စီးခဲ့ကြောင်း လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

 

ပျက်စီးဆုံးရှုံးခဲ့မှုအပေါ်  ပြန်လည်ထောက်ပံ့နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၊ ကျောက်မဲခရိုင်သို့ တင်ပြနိုင်ရေး  စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထွေးငယ်၊ နောင်ချို၊ ပြန်/ဆက်