နောင်ချို ၁၄ ဧပြီ        

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ သင်္ကနြ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအား အခြေခံစားကုန်ပစ္စည်း(၅)မျိုးကို ဆက်လက်ပေးအပ်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက နောင်ချိုမြို့ပေါ်(၆)ရပ်ကွက်ရှိ နေ့စဉ်ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၆၂၆)စုထံသို့ အခြေခံစားကုန်ပစ္စည်း(၅)မျိုးဖြစ်သည့် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ကုလားပဲ(၁)ပိဿာ၊ ကြက်သွန်နီ(၁)ပိဿာ၊ ဆား(၅၀)ကျပ်သားတို့ကို ဌာနဆိုင်ရာများက အိမ်တိုင်ရာရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်အနေဖြင့် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုပေါင်း (၂၉၉၁)ရှိပြီး ကျန်ရှိနေသော ကျေးရွာများရှိ အိမ်ထောင်စုများအား တာဝန်ရှိသူများမှ အခြေခံစားကုန်ပစ္စည်း(၅)မျိုးတို့ကို ဧပြီ ၁၄၊ ၁၅ ရက်နေ့များတွင် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွေးငယ်(နောင်ချိုပြန်/ဆက်)