နောင်ချို ၂၈ မေ     

      

ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ရဟန်း၊  သံဃာ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ ၊ လုပ်ငန်းရှင်များ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သူများ ၊ အသက် (၆၅) နှစ်အထက် ဘိုးဘွားများ၊ ပြည်သူများ ၊ ဝန်ထမ်းမိသားစုဝင်များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို နောင်ချိုမြို့နယ်ခန်းမ၌ ထိုးနှံပေးလျက်ရှိရာ မေလ ၂၇ ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူပေါင်း ၅၂၉၁ဦး ရှိပြီဖြစ်ကြောင်းသိရသည်။

 

ကိုဗစ်၁၉-ရောဂါကာကွယ်ဆေးကို၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီးနှင့် ဝန်ထမ်းများ၊ နယ်မြေခံတပ်ရင်းများမှ တပ်မတော်သား ဆရာဝန်များနှင့် သူနာပြုများက ထိုးနှံပေးခဲ့ကြပြီး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးရန် ၇၅၇ ဦးကျန်ရှိရာ မေ ၃၁ ရက်အထိ ပြည့်မီစွာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထွေးငယ်၊ ပြန်/ဆက်