နောင်ချို   ၃၁    မေ 

 

ကျောက်မဲခရိုင်၊ နောင်ချိုမြို့၌ ဈေးများ၊ လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များ၊ တည်းခိုခန်းများ ယာဉ်လှိုင်းများ ပုံမှန်ပြေးဆွဲခွင့်ပြုနိုင်ရေး  ညှိနှိုင်းဆွေးနွေးကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌  ယမန်နေ့ညနေပိုင်းက ကျင်းပခဲ့ ကြောင်း သိရသည်။

 

ညှိနှိုင်းဆွေးနွေးပွဲတွင် စည်ပင်သာယာရေးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းဇော်မှ  စားသောက်ဆိုင်များ ၊  လက်ဖက်ရည်ဆိုင်များမှ လိုက်နာရမည့် စည်းကမ်းချက်များ၊ ဈေးသည်များ လိုက်နာရမည့် စည်းကမ်းချက်များ၊ ယာဉ်လိုင်းများ လိုက်နာရမည့် စည်းကမ်းချက်များ၊ သတ်မှတ်ချက် နှင့်အညီ  စစ်ဆေးပြီးသည့်  ဟိုတယ်နှင့်တည်ခိုခန်းများ လိုက်နာရမည့် စည်းကမ်းချက်များအား တင်ပြဆွေးနွေးခဲ့သည်။

 

၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးလင်းအောင် ၊ စည်ပင်ကော်မတီဝင်များ ၊  ဈေးကော်မတီဝင်များ၊ စီမံခန့်ခွဲမှုကော်မတီများက ကိုဗစ်-၁၉ အစောပိုင်းကာလအတွင်း ရပ်ဆိုင်းခဲ့ရသော လုပ်ငန်းများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ပုံမှန်ပြန်လည် ဆောင်ရွက် နိုင်ရေးအတွက်  ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်း အစီအမံများအား ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ထွေးငယ်၊နောင်ချို၊ ပြန်/ဆက်