နောင်ချို ၂၉ ဧပြီ
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ဈေးရပ်ကွက်၊ ရေကန်ကြီးလမ်း၌ ယနေ့နံနက် ၈ နာရီ က အခြေခံ လူတန်းစား အိမ်ထောင်စုအချို့အား အလှူရှင်များမှ စုပေါင်း လှူဒါန်းထားသည့် အခြေခံ စားကုန်များဖြစ်သော ဆန်(၆)ပြည်၊ ဆီ(၅၀)သား၊ အာလူး(၅၀)သား၊ ကြက်သွန်နီ(၅၀) သား၊ ဆား (၅၀)သား၊ အချိုမှုန့်(၂၅)ကျပ်သား၊ ကြက်ဥ(၁၀)လုံးတို့ကို စေတနာမွန် ပရဟိတအဖွဲ့နှင့် ဖြူစင်မေတ္တာ ပရဟိတ အဖွဲ့တို့က ဦးဆောင်၍ ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အလှူရှင်များမှ လှူဒါန်းထားမှုအပေါ် ဈေးရပ်ကွက်မှ အိမ်ထောင်စု (၇၂)စု၊ ဘူတာရပ်ကွက်မှ (၁၀၈)စု၊ နားရှိုး ရပ်ကွက်မှ (၁၀)စု၊ ပါဟတ်ရပ်ကွက်မှ (၄၀)စုနှင့် သပြေရေရပ်ကွက်မှ (၅၀)စု ၊ စုစုပေါင်း အိမ်ထောင် စုပေါင်း(၄၀ဝ) ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွေးငယ်၊နောင်ချို၊ ပြန်/ဆက်


