နောင်ချို ၁၂  ဧပြီ

 

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်မှ စတင်၍ မဟာသင်္ကြန် ကာလအတွင်း  ပုံမှန်ဝင်ငွေမရှိသော  သူများအား အခြေခံစားကုန်ပစ္စည်း (၅)မျိုး ဖြစ်သည့် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀) ကျပ်သား၊ ကြက်သွန်နီ(၁)ပိဿာ၊  ကုလားပဲ (၁)ပိဿာတို့ကို နောင်ချိုမြို့ အနောက်ကြူအင်း အုပ်စုအတွင်းရှိ   ကျေးရွာ (၃)ရွာမှ  နေ့စဉ်ပုံမှန်ဝင်ငွေမရှိသော  အိမ်ထောင်စု  (၂၃)စု ထံသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်း ဦးဆောင်သော အဖွဲ့များက လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

နောင်ချိုမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုပေါင်း (၂၉၉၁)စုရှိပြီး ကျန်ရှိသည့် အိမ်ထောင်စုများ    အခြေခံစားသောက်ကုန်(၅) မျိုးတို့ကို  ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထွေးငယ်၊ နောင်ချို၊ ပြန်/ဆက်