နောင်ချိုမြို့၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်းအခြေခံ သင်တန်း ဖွင့်လှစ်

နောင်ချို  ဧပြီ  ၂၂

         

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်  စျေးရပ်ကွက်ဓမ္မာရုံ၌ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်း အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၂)ကို ယနေ့နံနက် နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

 

သင်တန်းဖွင့်ပွဲတွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်းသည် အိမ်တိုင်းအိမ်တိုင်း တက်ရောက်သင့်ကြောင်း၊ မိသားစု တစ်စုတွင် အနည်းဆုံးတစ်ဦး ရှေးဦးပြုစုခြင်းကို အခြေခံ တတ်ထားသင့်ကြောင့် မိမိ၏ မိသားစုသာမက ပတ်ဝန်းကျင်ကိုပါ ကူညီစောင့်ရှောက်နိုင်ကြောင်း ” ကျောက်မဲခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးမောင်မောင်သိန်းက ပြောကြားခဲ့သည်။ 

 

သင်တန်းသို့ သင်တန်းသား၊သင်တန်းသူ ၃၀ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၃ရက်ကြာမြင့် မည်ဖြစ်ကြောင်း သိရသည်။

                                

ထွေးငယ်(ပြန်/ဆက်)