နောင်ချို ၊  ၂  ဖေဖော်ဝါရီ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၊ စျေးရပ်ကွက်၊ နယ်မြေ(၁၀)အတွင်း ရေအခက်အခဲရှိသော အိမ်ခြေများ ရေရရှိရေး စိမ့်စမ်းရေသွယ်တန်းခြင်းကို ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

စျေးရပ်ကွက်၊ နယ်မြေ(၁၀)အတွင်း ရေခက်ခဲသောအိမ်ခြေများ၌ နေထိုင်သော အခြေခံလူတန်းစား အိမ်ထောင်စုများ နွေရာသီအခါ၌ ရေပြတ်လပ်ခြင်းဒုက္ခမှ ကင်းဝေးနိုင်စေရန် စျေးရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးမြတ်မိုးအောင်၏ စီစဉ်ကြီးကြပ်မှုဖြင့် အလှူရှင်များ၏ လှူဒါန်းမှုများနှင့်အတူ စိမ့်စမ်းရေ သွယ်တန်းခြင်း၊ ရေလှောင်ကန်ဆောင်ရွက်ခြင်းတို့ကို စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့ စျေးရပ်ကွက် နယ်မြေ(၁၀)အတွင်း နေထိုင်ကြသည့် အိမ်ထောင်စုဝင်များအနေဖြင့် နွေရာသီကာလတွင် ရေပြတ်လပ်ခြင်း၊ ရေရှားပါးခြင်း စသည့်အခက်အခဲများကို ယခုနှစ်မှစ၍ ကျော်လွှားနိုင်မည်ဖြစ်ကြောင်း စျေးရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ထွေးငယ်(ပြန်/ဆက်)