နောင်ချို၊ ၁၇ ဒီဇင်ဘာ
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အုမ္မခါးအုပ်စု၊ အုမ္မခါးကျေးရွာနှင့် ကျောက်သုံးလုံးကျေးရွာတို့တွင် ယမန်နေ့နံနက် ၁၀ နာရီတွင် World Vision မှ အထူးခက်ခဲသော မိသားစုဝင်များ ဒေသကိုယ်စားပြုစံကလေးငယ်များကို ဆန်၊ ဆီ၊ ဆပ်ပြာစသော လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် World Vision မှနယ်မြေတာဝန်ခံ ဒေါ်နန်းပန်းအိမွှေးက ဦးဆောင်၍ အုမ္မခါးကျေးရွာမှ အိမ်ထောင်စု ၁၀၉ စု၊ ကျောက်သုံးလုံးကျေးရွာမှ အိမ်ထောင်စု ၄၃ စုတို့ကို ထောက်ပံ့ပေးဝေခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်World Vision အနေဖြင့် အထူးခက်ခဲသော မိသားစုဝင်များနှင့် ဒေသကိုယ်စားပြု စံကလေးငယ်များကို ထောက်ပံ့ပေးရာတွင် စီမံချက်ဝင် ကျေးရွာ ၃၂ ရွာနှင့် မြို့ပေါ်ရပ်ကွက် နယ်မြေ ၄ ခုတို့ရှိ ဒေသကိုယ်စားပြုစံကလေးငယ် အိမ်ထောင်စု ၂၀၄၀ နှင့် အထူးခက်ခဲသော ကလေးအိမ်ထောင်စု ၇၇၅ စု တို့အား ထောက်ပံ့ပေးဝေနိုင်ခဲ့ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို-ပြန်ဆက်)


