နောင်ချို ၃၁ ဇန်နဝါရီ
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ယာယီဥက္ကဋ္ဌ ဒေါ်ညိုညိုလွင်နှင့် အဖွဲ့ဝင်များသည် ဇန်နဝါရီလ ၃၀ ရက်က နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာ အထက်တန်းကျောင်းသို့ ရောက်ရှိကာ လူငယ်/လူရွယ်များအား ကျန်းမာကြံ့ခိုင်၍ ဉာဏ်ရည်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ ကျောင်းသား၊ ကျောင်းသူ (၆၀၈) ဦးအား အာဟာရ ကြက်ဥပြုတ်များ ကျွေးကာ CHINA FOUNDATION FOR POVERTY ALLEVIATION (CFPA) မြန်မာရုံးအဖွဲ့မှပေးပို့လှူဒါန်းသော ကျောပိုးအိတ်များကို လှူဒါန်းခဲ့သည်။
ရှေးဦးစွာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ယာယီဥက္ကဋ္ဌ ဒေါ်ညိုညိုလွင်က အမှာစကားပြောကြားပြီး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက (CFPA) မြန်မာရုံးအဖွဲ့မှ ပေးအပ်လှူဒါန်းသည့် ကျောပိုးအိတ်များကို အ.ထ.က ဘန့်ဘွေးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၄၅ ) ဦးအား ပေးအပ်ခဲ့ကြောင်း မြို့နယ်၊ ပြန်/ဆက်မှ သိရသည်။
MDN
