နောင်ချိုမြို.နယ်၊ ဘန့်ဘွေးတိုးဂိတ်တွင် ဆီဘောက်ဆာယာဉ်ပေါ်တွင် တရားမဝင် တင်ဆောင်လာသော သစ်များ ဖမ်းဆီးရမိ

နောင်ချို     ၁၁  ဖေဖော်ဝါရီ   

 

တရားမဝင်သစ်လုပ်ကိုင်သူများသည်  ဆီဘောက်ဆာယာဉ်များဖြင့် ခိုးထုတ်သယ်ဆောင်ခြင်းများ ဆောင်ရွက်နေကြောင်း သတင်းအရ သစ်တောဦးစီးဌာနမှ ကြပ်မတ် ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၈  ရက်နေ့ကလည်း မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင်တွင် ဆီဘောက်ဆာယာဉ်အတွင်းမှ တရားမဝင် တင်ဆောင်လာသည့် ကျွန်းခွဲသားများ ဖမ်းဆီးရမိပြီး (၃)ရက်ခန့်အကြာ ယနေ့ နံနက်ပိုင်းကလည်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးတိုးဂိတ် အနီးတွင် သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့မှ ယာဉ်အမှတ်6J/-----  (Nissan diesel ဝါဖြူကြား (၂၂)ဘီး) လောင်စာဆီတင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ဆီတိုင်ကီ အတွင်း တရားမဝင် တင်ဆောင်လာသည့် ပိတောက်ခွဲသားများနှင့်အတူ၊ တရားခံ(၁)ဦး ဖမ်းဆီးရမိခဲ့သဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနမှသတင်းရရှိပါသည်။

 

ထွန်းလှိုင်(မြိုင်)

 

15..447752