နောင်ချို   အောက်တိုဘာ   ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ် ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက ကြိမ်ဂနိုင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နောင်ချိုမြို့နယ်ဦးစီးဌာနရုံးမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် နောင်ချိုမြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက နိုင်ငံသား စိစစ်ရေးကတ် အသစ်ပြု လုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်းများ စိစစ်လဲလှယ်ထုတ်ပေးခြင်း၊ ပျက်စီး၊ ပျောက် ဆုံးသူများကို မိတ္တူပြုလုပ်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်း၌ မွေးတိုး/သေဆုံးစာရင်း ပြုလုပ်ပေးခြင်း၊ ပြောင်းဝင် ပြောင်းထွက်၊ တိုး/လျှော့လုပ်ပေးခြင်း တို့ကို ဆောင်ရွက်ပေးသည်။

ထွေးငယ်(ပြန်/ဆက်)