နောင်ချို ဩဂုတ် ၁၈

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ဆေးနှင့်ဆေးဝါးပစ္စည်းများကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထောက်ပံ့ပေးအပ်ရာတွင် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စား အမှတ်(၉၀၂) အမြောက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယဗိုလ်မှူးကြီး အောင်ထွန်းဦးနှင့် တာဝန်ရှိသူများက Oxygen အိုး () အိုး၊ Oxygen အိုး တင်ဆောင်သည့်လှည်း ()ခု၊ Regular ()ခု၊ Pipe ()ခု၊ Hand Jel () ဖာ၊ ပိုးသတ်ဆေး ()ပုံး၊ PPE(Level-1) (၅၀)စုံ၊ PPE(Level-2) (၅၀)စုံ၊ လက်အိတ် (၂၀၀)ခု၊ Mask ()ဖာ၊ ပါရာစီတမော (၁၀၀၀)လုံး၊ (V-C) (၁၀၀၀)လုံးတို့ကို ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကြည်တိုးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဆေးနှင့် ဆေးဝါးပစ္စည်းများကို အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်မှ ကိုဗစ်စင်တာ၊ Positive စင်တာများရှိ ရောဂါပိုးတွေ့ရှိ၍ ဆေးကုသမှုခံယူလျက်ရှိသော လူနာများအတွက် ပေးပို့ထောက်ပံ့ပေးခဲ့ပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်းရှိ ပြည်သူ့ဆေးရုံ၊ မြနန်းတော်ဝင်ခန်းမ၊ သဖန်းကိုင်းပရဟိတစင်တာ၊ သုံးဆယ်တိုက်နယ်ဆေးရုံတို့ရှိ စင်တာများသို့ ဆက်လက်ပေးပို့ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

 

ထွေးငယ်(ပြန်/ဆက်)