နောင်ချို၊ ၂၂ ဇန်နဝါရီ
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ဇန်နဝါရီ ၂၁ ရက်က လမ်းဦးစီးဌာနမှ အလှူငွေများ လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းရာတွင် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ ပေးပို့လှူဒါန်းသော အလှူငွေကျပ် ၂၃၄၀၀၀၀ အား နောင်ချို မြို့နယ် လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ) ဦးလတ်ကိုကိုအောင်က မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသွင်ကိုကိုမင်းထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထွေးငယ်(ပြန်/ဆက်)


