နောင်ချို စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌Clubအဖွဲ့များပြန်လည်ဖွဲ့စည်းခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းထွေးက စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club ဖွဲ့စည်းခြင်းဖြင့် စာဖတ်ရှန်မြှင်တင်ရေးလုပ်ငန်းများ၊ စာပေဆွေးနွေးပွဲများ၊ ဟောပြောပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန်၊ လူငယ်အသင်း Youth Club များဖွဲ့စည်းခြင်းဖြင့် လူငယ်များ၏ အသိပညာဗဟုသုတ မြှင့်မားလာစေရန်၊ ပရဟိတစိတ်ဓာတ်များ ကိန်းအောင်းလာစေရန်၊ စာပေနှင့်ရင်းနှီးကျွမ်းဝင်မှုရရှိစေရန်နှင့် အမျိုးသမီးအသင်း Women Club များဖွဲ့စည်းခြင်းဖြင့် အမျိုးသမီးကဏ္ဍဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ အမျိုးသမီးဘဝ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ပြန်လည် ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် တက်ရောက်လာကြသော Club အဖွဲ့ဝင်များက အကြံပြုဆွေးနွေးခဲ့ကြပြီး၊ လစဉ် Club အဖွဲ့များ တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်ရာတွင် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထွေးငယ်(ပြန်/ဆက်)