နောင်ချို နိုဝင်ဘာ ၃  

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းသူများအခွင်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းထွေးက 
 Talk Show ဆွေးနွေးပွဲများ ဆောင်ရွက်ပေးခြင်းကြောင့် Online မှတစ်ဆင့် ပြည်သူလူထုအား ဗဟုသုတများဖြန့်ဝေပေးနိုင်ကြောင်း ပြောကြားခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်စန်းစန်းမော်က မသန်စွမ်းသူ များ၏ လူ့အခွင့်အရေးနှင့်အခြေခံလွတ်လပ်ခွင့်များ တန်းတူညီမျှရရှိရေး၊ မသန်စွမ်းသူများကို မသန်စွမ်းမှုကို  အကြောင်းပြု၍ ခွဲခြားဆက်ဆံမှု ၊ နှိမ့်ချမှု၊ ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုင်ရာ မသန်းစွမ်းသူများကို ထိခိုက်နစ်နာစေသော  အပြုအမှုများ မပြုလုပ်ကြစေရေး စသည့်ဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထွေးငယ်၊(ပြန်/ဆက်)