နောင်ချိုမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနသို့ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြနိုင်ရန် PPE ဝတ်စုံနှင့်ပစ္စည်းများလှူဒါန်း

နောင်ချို   ၉  မေ    

         

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် PEACE Project မှပေးပို့လာသော PPE ဝတ်စုံနှင့် ခွဲစိတ်ခန်းသုံးပစ္စည်းများကို နောင်ချိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ယမန်နေ့ နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။

         

လှူဒါန်းမှုတွင် အလှူရှင်၏ကိုယ်စား လားရှိုးမြို့မှ ဒေါ်ချယ်ရီသန်းထွန်း(Shan state CE network )နှင့်အဖွဲ့၊နောင်ချိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များရုံး တာဝန်ခံ ဦးအောင်မြင့် ထွန်းတို့က ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်  PPE ဝတ်စုံ( ၁၀ ) စုံ၊ FaceShield (၅)ခု၊ ခေါင်းစွပ်(၃၈)ခု၊ လက်အိတ်(၅)စုံ၊ ခွဲစိတ်ခန်းသုံး ဝတ်စုံ(၄၃)စုံတို့ကို ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာန လက်ထောက်မြို့နယ်ဆရာဝန်  ဒေါက်တာ နိုင်ဝင်းအောင်က လက်ခံရယူခဲ့ကြောင်း သိရသည်။

          

ထွေးငယ် (နောင်ချို ပြန်/ဆက်)