နောင်ချိုမြို့နယ် ရပ်ကွက်ကျေးရွာအုပ်စုများတွင် Pilot Project အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး  ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

နောင်ချို နိုဝင်ဘာ  ၈   

           

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများ တွင် Pilot Project အစီအစဉ်ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီထံမှ သိရသည်။

           

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာ ရေးဌာန၊ ဌာနဆိုင်များ၊ ပရဟိအဖွဲ့များပါဝင်သော အဖွဲ့များက နောင်ချိုမြို့နယ် ဈေးရပ်ကွက်နှင့် သုံးဆယ်‌ကျေးရွာအုပ်စုများတွင် ကိုဗစ်-၁၉ရောဂါပိုးရှိကြောင်း စိစစ်တွေ့ရှိရသူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများ၊ ဖျားနာသူများ စုစုပေါင်း လူဦးရေ (၃၀၂)ဦးကို Pilot Project ဖြင့် စစ်ဆေးခဲ့ရာ လူပုဂ္ဂိုလ်(၁၄)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိကြောင်း စိစစ်တွေ့ရှိခဲ့ရာ ပိုးတွေ့ရှိမှု ရာခိုင်နှုန်း ၄.၆၃ ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

           

အဆိုပါ ရောဂါပိုးတွေ့ရှိသူ (၁၄)ဦးအား နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံနှင့် သုံးဆယ်တိုက်နယ်ဆေးရုံတို့တွင် ထားရှိ၍ ကြပ်မတ် ကုသဆောင်ရွက်လျက်ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ အမြန်ဆုံးကွင်းဆက်ပြတ်တောက်နိုင်ရန် ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးမှုများ၊ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီထံမှ သိရသည်။

 

ထွေးငယ်(ပြန်/ဆက်)