mdn

နောင်ချို ၁၃  ဇွန်   

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော ညောင်ပင်သာကျေးရွာစက်ရေတွင်းတူးဖော်ခြင်းနှင့် နမ့်ဆောင်ဟူးကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်နေမှုအခြေအနေများကို ဇွန်လ ၁၂ ရက် နံနက်ပိုင်းက တာဝန် ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးမောင်ဝင်းနှင့် ညွှန်ကြားရေးမှူး ဒေါက်တာဇာနည်မင်းတို့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကြည်စောနှင့် သက်ဆိုင်ရာခရိုင်၊ မြို့နယ်မှ တာဝန်ရှိသူများနှင့်အတူ နောင်ချိုမြို့နယ်၊ညောင်ပင်သာကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP)ဖြင့် စက်ရေတွင်းတူးဖော်ခြင်းနှင့်ဆက်စပ်လုပ်ငန်းများကိုလည်းကောင်း၊ နမ့်ဆောင်ဟူကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများနှင့်အဆိုပါကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေဖြင့်ဆောင်ရွက်သည့် မီးလင်းရေးလုပ်ငန်းများကိုလည်းကောင်း ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ညောင်ပင်သာကျေးရွာတွင် ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP) ထောက်ပံရန်ပုံငွေကျပ်သိန်း(၁၀၀)၊ ပြည်သူထည့်ဝင်ငွေကျပ်(၁၅)သိန်းတို့ဖြင့် စက်ရေတွင်း တူးဖော်ခြင်းနှင့်ဆက်စပ်လုပ်ငန်းများ၊ အိမ်တိုင်ရာရောက်ရေမီတာသွယ်တန်းခြင်း လုပ်ငန်းများကိုလည်းကောင်း၊ နမ့်ဆောင်ဟူးကျေးရွာတွင် ၂၀၁၅-၂၀၁၆ ခုဘဏ္ဍာရေးနှစ်မှ စတင်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်း မပျောက် လည်ပတ်ရန်ပုံငွေကျပ်သိန်း(၃၀၀)ဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ပြီး ယခုအခါ စီမံကိန်းအတိုးရငွေ၏ (၅၀ရာခိုင်နှုန်းဖြစ်သော ခွင့်ပြုရန်ပုံငွေကျပ်(၁၉၀)သိန်း၊ ပြည်သူထည့်ဝင်ငွေ(၂၆၅) သိန်းတို့ဖြင့် ကျေးရွာတွင်းလျှပ်စစ်မီး ပေ ၄၀၀၀ သွယ်တန်း လုပ်ငန်းများ ကိုအကောင်အထည်ဖော်ဆောင် ရွက်ပေးလျက်ရှိပါကြောင်း သိရသည်။

 

စိုးမိုးကျော်

 

1