နောင်ချို ဇွန် ၁
အခြေခံပညာကျောင်းများကို ဇွန် ၁ ရက်မှ၍ ပြန်လည်ဖွင့်လှစ်ပြီဖြစ်ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်ရှိ အခြေခံပညာကျောင်းများအားလုံး နံနက် ၉ နာရီမှစ၍ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
နောင်ချိုမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း ၁၈၈ ကျောင်း၊ ဘကကျောင်း နှစ်ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း သုံးကျောင်း စုစုပေါင်း ၁၉၃ ကျောင်းရှိပြီး အဆိုပါ ကျောင်းများတွင် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၁၅၁၄ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၃၇၁၂ ဦးနှင့် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ ၁၅၀၉၆ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၂၀၃၂၂ ဦး အေးချမ်းစွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
ထွေးငယ်(ပြန်/ဆက်)