နောင်ချို   မတ်   ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်ရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား ကျောင်းသူများသည်  ကျောင်းတွင်းစစ်စာမေးပွဲများကို မတ် ၁၉ ရက်တွင် တတိယနေ့အဖြစ် အေးချမ်းစွာ ဆက်လက်ဖြေဆိုခဲ့ကြသည်။

နောင်ချိုမြို့နယ်တွင် အထက ကိုးကျောင်း၊ အထက(ခွဲ) ၁၀ ကျောင်း၊ အလက ၁၁ ကျောင်း၊ အလက(ခွဲ) ၁၂ ကျောင်း၊ အမက(မူလွန်) ၃၉ ကျောင်း၊ အမက ၉၈ ကျောင်း၊ အမက(ခွဲ) ရှစ်ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း နှစ်ကျောင်း၊ ကိုယ်ပိုင်ကျောင်း သုံးကျောင်း စုစုပေါင်း ၁၉၂ ကျောင်းရှိပြီး ကျောင်းသား ကျောင်းသူ ၂၂၁၂၄ ဦး ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထွေးငယ်(ပြန်/ဆက်)