နောင်ချို ဇူလိုင် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက Biometric Data အချက်အလက်စာရင်း ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းကို နောင်ချိုမြို့နယ်ခန်းမ၌ ဆက်လက်ပြုလုပ်ပေးလျက်ရှိသည်။
နောင်ချိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက Biometric Data အချက်အလက်စာရင်း ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်း လုပ်ငန်းများကို ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များကို ဇူလိုင် ၃ ရက်မှ စတင်၍ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ကောက်ယူရန် ကျန်ရှိနေသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ယူဆောင်လာစေပြီး Biometric ဆိုင်ရာ အချက်အလက်များ စာရင်းကောက်ယူပြီး Database တွင် သိမ်းဆည်းကာ ဂဏန်း ၁၀ လုံးပါဝင်သည့် Unique ID နံပါတ်ပါ ကတ်ပြားများကို နေ့ချင်းအပြီး ထုတ်ပေးလျက်ရှိသည်။
Biometric Data အချက်အလက်စာရင်း ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်း လုပ်ငန်းများကို ဇူလိုင် ၁၂ ရက်အထိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် မိသားစုဝင် စုစုပေါင်း ၅၉၃ ဦး ထည့်သွင်းပြီးဖြစ်၍ ကျန်ရှိနေသူများကိုလည်း ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နောင်ချိုမြို့နယ် ဦးစီးမှူးရုံးမှ သိရသည်။
ထွေးငယ်(ပြန်/ဆက်)