နောင်ချို ဩဂုတ် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများနှင့် ဦးစားပေးအုပ်စု၌ ပါဝင်သော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီတွင် နောင်ချိုမြို့နယ်ခန်းမ၊ သုံးဆယ်တိုက် နယ်ဆေးရုံနှင့် တောင်ရှည်တိုက်နယ်ဆေးရုံတို့တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် လူဦးရေ ၁၂၀၀ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်း ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထွေးငယ်၊(ပြန်/ဆက်)


