နောင်ချို         ဩဂုတ်   ၁၇ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် လီတာ ၄၀ ဆံ့အောက်ဆီဂျင် အိုးသစ် အလုံး (၃၀)အား ပရဟိတအသင်းများက ထပ်မံဝယ်ယူခဲ့ရာ ယမန်နေ့က ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အောက်ဆီဂျင်အိုးသစ်များကို အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ နောင်ချိုမြို့နယ်တွင် နေ့စဉ် ပိုးတွေ့အတည်ပြုလူနာများ တွေ့ရှိလျက်ရှိပြီး ယမန်နေ့ကအထိ ပိုးတွေ့လူနာပေါင်း (၁၀၅၀)ဦး ထိရှိလာပြီဖြစ်ကြောင်း၊ ပိုးတွေ့လူနာ (၉၄၂)ဦးမှာ ဆေးရုံဆင်းခွင့်ရရှိပြီး၊ သေဆုံးသူ (၂၄)ဦး ရှိကြောင်း၊ ကုသမှုခံယူနေဆဲ လူနာ (၈၄)ဦးရှိကြောင်း၊ အဆိုပါလူနာများထဲမှ အောက်ဆီဂျင်လိုအပ်သော လူနာများအောက်ဆီဂျင် အချိန်မီလုံလောက်စွာ ရရှိသုံးစွဲနိုင်ရန် ပရဟိတအသင်းများကလည်း စွမ်းဆောင်ပေးလျက်ရှိကြောင်း၊ ပရဟိတအသင်းများ (စေတနာမွန်၊ ဖြူစင်မေတ္တာ)တို့သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် မရှိမဖြစ်လိုအပ်သော အသင်းများ ဖြစ်ကြောင်း၊ ၎င်းအသင်းများ၏ လိုအပ်ချက်များအပေါ် အလှူရှင်များကလည်း စဉ်ဆက်မပြတ် လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ထွေးငယ်၊(ပြန်/ဆက်)