နောင်ချိုမြို့နယ်၌ Pilot Project အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

နောင်ချို နိုဝင်ဘာ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကွင်းဆက် ပြတ်တောက်ပြီး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရပ်ကွက်ကျေးရွာအုပ်စုများတွင် Pilot Project အစီအစဉ်ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းကို နိုဝင်ဘာ ၂၆ ရက်က ဆောင်ရွက်လျက်ရှိရာ ပိုးတွေ့မှုနှုန်း သိသာစွာ ကျဆင်းလျက်ရှိကြောင်း  မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်   အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ ဌာနဆိုင်များ၊ ပရဟိတအဖွဲ့များ ပါဝင်သော အဖွဲ့များက နောင်ချိုမြို့နယ်၊ အင်းဖိုအုပ်စုအတွင်း ကိုဗစ်-၁၉ ရောဂါပိုးရှိကြောင်း စိစစ်တွေ့ရှိရသူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများ၊ ဖျားနာသူများ စုစုပေါင်း လူဦးရေ ၂၂၀ ကို RDT Test Kit ဖြင့်စစ်ဆေးရာ  ခုနစ်ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး ရှိကြောင်း စိစစ်တွေ့ရှိပြီး ပိုးတွေ့ရှိမှု ရာခိုင်နှုန်း ၃ ဒသမ ၁၈ ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

အဆိုပါ ရောဂါပိုးတွေ့ရှိသူများအား နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံတွင် သုံးဦး၊ သဖန်းကိုင်းစင်တာတွင် လေးဦး ကြပ်မတ်ကုသပေးလျက်ရှိကြောင်း သိရသည်။

ထွေးငယ်(ပြန်/ဆက်)