နောင်ချို နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကွင်းဆက်ပြတ်တောက် ပြီး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရပ်ကွက်ကျေးရွာအုပ်စုများတွင် Pilot Project အစီအစဉ်ဖြင့် ကွင်းဆင်း စစ်ဆေးခြင်းကို နိုဝင်ဘာ ၂၅ ရက်က ဆက်လက်ဆောင်ရွက်လျက်ရှိရာ ပိုးတွေ့မှုနှုန်းသိသာစွာ ကျဆင်း လျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ ဌာနဆိုင်များ၊ ပရဟိအဖွဲ့များပါဝင်သောအဖွဲ့များက နောင်ချိုမြို့နယ် နားရှိုးရပ်ကွက်နှင့် အင်းဖိုအုပ်စုတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိကြောင်း စိစစ်တွေ့ရှိရသူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများ၊ ဖျားနာသူများ စုစုပေါင်းလူဦးရေ(၁၈၉)ဦးကို RDT Tes tkit ဖြင့် စစ်ဆေးခဲ့ရာ လူပုဂ္ဂိုလ်(၆)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိ ကြောင်း စိစစ်တွေ့ရှိခဲ့ရာ ပိုးတွေ့ရှိမှု ရာခိုင်နှုန်း ( ၃.၁၇) ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
အဆိုပါရောဂါပိုးတွေ့ရှိသူ(၆)ဦးအား နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံတွင်ထားရှိ၍ ကြပ်မတ်ကုသ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါအမြန်ဆုံးကွင်းဆက်ပြတ်တောက်နိုင်ရန်ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ရခြင်းဖြစ်ကြောင်း ယခုရက်ပိုင်းအတွင်း ပိုးတွေ့မှုနှုန်းသိသာစွာကျဆင်း လျက်ရှိကြောင်း မြို့နယ်ကို ဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီထံမှ သိရသည်။
ထွေးငယ်(ပြန်/ဆက်)