နောင်ချို၊ ၄ ဇွန်
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများကို ဇွန်လ(၁)ရက် နေ့က စတင် ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကျောင်းတက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူများအား မျက်နှာကာ Face Shield ၊ ပါးစပ်နှာ ခေါင်းစည်း Mask များကို နိုင်ငံတော်မှအခမဲ့ ဖြန့်ဝေပေးပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးညွှန်ကြားချက်များနှင့်အညီ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် ဇွန်လ ၃ ရက်နေ့ အထိ ကျောင်းအပ်နှံသူ ၁၂၉၆၈ ဦး ရှိပြီး ကျောင်းတက်ရောက် သူပေါင်း ၁၂၂၉၂ ဦးရှိရာ ကျောင်းတက်ရောက်မှု ရာခိုင်နှုန်း (၉၅) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထွေးငယ်၊ ပြန်/ဆက်


