နောင်ချိုမြို့နယ်တွင် 9MM THAI ARMS ကျည် ၅၀ဝ နှင့် ပွိုင့် 22 ကျည် ၁၄၅၀  ဖမ်းဆီးရမိ

နေပြည်တော် ၁၂ ဖေဖော်ဝါရီ 

 

နောင်ချိုမြို့နယ်၊  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၉ နာရီတွင် သက်သေများနှင့်အတူ အိုရီယမ်တယ်တိုးဂိတ်၌ ပိတ်ဆို့ရှာဖွေစစ်ဆေးနေစဉ် နောင်ချိုမြို့ဘက်မှ သီပေါမြို့ဘက်သို့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ (၁)ရပ်ကွက်နေ ဇေယျာမင်း (ခ) သားကြီး မောင်းနှင်လာသော Mark-II ယာဉ်အား ရှာဖွေစစ်ဆေးရာ 9MM THAI ARMS ကျည်တောင့် ၅၀ဝ နှင့် အပြာရောင်စက္ကူဘူးဖြင့် ထည့်ထားသော ပွိုင့် 22 ကျည်တောင့် ၁၄၅၀ တို့အား ရှာဖွေသိမ်းဆည်းရမိခဲ့သည်။

 

၎င်းအားစစ်မေးရာ အဆိုပါကျည်များနှင့် ယာဉ်အား ယောက်ဖဖြစ်သူ တစ်ရပ်ကွက်တည်းနေ လှိုင်ဦးမှ ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ တုံခန်(အထက်) ကျေးရွာနေ လှမိုး (ခ) စိုင်းလှမိုးထံ ပို့ဆောင်ခ ငွေကျပ် ၂၂၀ဝ၀ဝ ဖြင့် သီပေါမြို့အထိ ပို့ဆောင်ခိုင်း၍ မောင်းနှင်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသောကြောင့် ဇေယျာမင်း (ခ) သားကြီးအား နောင်ချိုမြို့မ ရဲစခန်း(ပ) ၃၃/၂၀၁၉၊ ရှမ်းလက်နက် ဥပဒေပုဒ်မ ၁၂(ဂ) ဖြင့် အမှုဖွင့်အရေးယူသည်။

 

အဆိုပါအမှုမှ တရားခံ လှမိုး (ခ) စိုင်းလှမိုးနှင့် ကောင်းမူလွယ်ရပ်ကွက်နေ စိုင်းဆိုင်ဖတို့ ၂ ဦးအား သီပေါမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် တပ်ဖွဲ့ဝင်များက သီပေါမြို့၊ အုတ်ကျင်းရပ်ကွက်၊ မဟာမြတ်မုနိဘုရားကြီးဝင်းအတွင်းရှိ ငါးကန်အနီး၌ ဖမ်းဆီးရမိခဲ့သဖြင့် နောင်ချိုမြို့မရဲစခန်းသို့ လွှဲပြောင်းအပ်နှံခဲ့ပြီး ၎င်းတို့(၂)ဦးအား အမှုဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

MDN